သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကို နိုင်ငံတော်အသိအမှတ်ပြု တက္ကသိုလ်အဖြစ်သတ်မှတ်

Credit to Popular Journal - သီတဂူဆရာတော်ကြီးတည်ထောင်တော်မူသည့် သီတ ဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကို နိုင်ငံတော်အသိအမှတ်ပြုတက္ကသိုလ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်ကကျင်းပခဲ့သည့် နဝမအကြိမ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဒုတိယအစည်းအဝေး၊ တတိယနေ့အပြီး၌ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ သတ်မှတ်ပြီးနောက် အသိအမှတ်ပြုလွှာအား သန်လျင်မင်းကျောင်းဆရာတော်ကြီးပေးအပ်တော်မူရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၏ ကျောင်းအုပ်ဆရာတော် ဒေါက်တာ သီတဂူတိက္ခသာရ၊ ဦးဉာဏဝံသ (ဌာနမှူး၊ သုတေသနနှင့် ကျမ်းပြုဌာန)၊ ဦးဆန္ဒာဓိက (ဌာနမှူး၊ ကျောင်းသားရေးရာဌာန) တို့က လက်ခံရယူခဲ့ကြသည်။ Photo-ကိုနေဇာဝင်း The post သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကို နိုင်ငံတော်အသိအမှတ်ပြု တက္ကသိုလ်အဖြစ်သတ်မှတ် appeared first on Popular .