Credit to Popular Journal - ယမန်နေ့က ပြုလုပ်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၇,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။ ငါးနှစ်ကြာ ရပ်နားထားခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ပြန်လည်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ (၂၁ ကီလို)၊ (၁၀ ကီလို) နှင့် (၅ ကီလို) ပြိုင်ပွဲများအား နံနက် ၅ နာရီအချိန်တွင် စတင်ကျင်းပခဲ့ကာ ၂၁ ကီလိုမီတာပြိုင်ပွဲ၌ ပထမဆုံးပန်းဝင်နိုင်သူသည် အချိန်၁နာရီနှင့် မိနစ်၂၀ကျော်၌ ပန်းဝင်နိုင်ခဲ့သည်ဟု သိရသည်။ The post ရိုးမ-ရန်ကုန်မာရသွန် ပြိုင်ပွဲ၌ လူဦးရေ ၇,၀၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ appeared first on Popular .