ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် ယနေ့နံနက်ပိုင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ တပ်စွဲထားသော စစ်တပ်က မျှော်စင်ပေါ်မှနေ၍ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ မျက်မြင်သက်သေများနှင့် ဒေသခံများ၏ အဆိုအရ စစ်တပ်က မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ယူမာကျေးရွာမျှော်စင်ပေါ်ကနေ စစ်သားတွေက လှမ်းပစ်တာပါ။ အမျိုးသား ၂ ဦး သေဆုံးသွားပါတယ်” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။ လက်ရှိတွင် ဖားကန့်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း ယခုကဲ့သို့ အရပ်သားများအပေါ် ပစ်မှတ်ထား […] The post ဖားကန့်၊ ယူမာကျေးရွာတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ မိုင်ဂျာယန်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အဘိုးအို ၁ ဦးသေဆုံး appeared first on Khit Thit Media .