မြစ်ကြီးနားနှင့်သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ်ခွင့်ပြုနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုနေကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဖေဖော်ဝါလနှောင်းပိုင်းအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်နေသော်လည်း ခေမာသီရိရပ်ကွက်အတွင်း၌ ညကြီးအချိန်မတော်အထိ ဇာတ်ပွဲများနှင့် လောင်းကစားပွဲများကို ရက်ရှည်လများ ကျင်းပနေကြောင်း သိရသည်။ ထိုသို့ ဆူညံစွာ ကျင်းပနေခြင်းများကြောင့် ကျောင်းသူ၊ ကျောင်းသားများမှာ စာကျက်၍မရခြင်းနှင့် အိပ်ရေးပျက်ကာ ဖျားနာခြင်းများ ဖြစ်ပွားနေကြောင်း၊ ထို့ပြင် သက်ကြီးရွယ်အိုများမှာလည်း ကျန်း မာရေးများ ချို့တဲ့လာကြရသည့်အပြင်၊ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကြောင့် ရပ်ကွက်အတွင်း၌ သူခိုးများနှင့် လုယက်သော ရာဇဝတ်မှုများ အလွန် ပေါများလာကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း […] The post မြစ်ကြီးနားနှင့်သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ်ခွင့်ပြုနေ appeared first on Khit Thit Media .