ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးရယူရန်အတွက် တပ်ချုပ်ရာထူးကို စွန့်လွှတ်မည်ဖြစ်၍ မင်းအောင်လှိုင်အလွန် ထိပ်ပိုင်းတပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးများအတွက် ကျော်စွာလင်း၊ ကိုကိုဦး၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေနှင့်ဇော်မျိုးတင်တို့ ရေပန်းစားလာနေကြောင်း တပ်သတင်းရင်းမြစ်၊ MDSI အဖွဲ့နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့က သုံးသပ်ပြောဆိုသည်။ လာမည့်မတ်လအတွင်း စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲရှိနိုင်ပြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကျော်စွာလင်း၊ ဇော်ဟိန်းနှင့် ညွန့်ဝင်းဆွေတို့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအဖြစ် ရောက်ရှိလာနိုင်ကြောင်း MDSI အဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင် အနားယူခဲ့ပါက တပ်ချုပ်၊ ဒုတပ်ချုပ် ၊ ညှိနှိုင်းကွက်ကဲရေးမှူး ကဲ့သို့ ရာထူးများ အပြောင်းအလဲရှိလာနိုင်ပြီး ယင်းနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ ကျော်စွာလင်း၊ ဇော်ဟိန်းနှင့် ညွန့်ဝင်းဆွေတို့ပါဝင်လာနိုင်ကြောင်း သိရသည်။ […] The post မင်းအောင်လှိုင် အလွန် ထိပ်ပိုင်းတပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးများအတွက် ကျော်စွာလင်း၊ ကိုကိုဦး၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေနှင့်ဇော်မျိုးတင်တို့ ရေပန်းစားလာ appeared first on Khit Thit Media .