ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူး သန့်ဇင်ထွန်းသည် ဝန်ထမ်းများ ရရှိသည့် ထောက်ပံ့ကြေးများကို ဖြတ်တောက်ယူခြင်းနှင့် တရားမဝင် ရွှေလုပ်ငန်းများထံမှ လိုင်စင်မဲ့ကားများ ရယူစီးနင်းခြင်း အပါအဝင် လာဘ်ပေးလာဘ်ယူမှု အမျိုးမျိုးကို လုပ်ဆောင်နေကြောင်း ၎င်းနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး သန့်ဇင်ထွန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင်မှ စဉ့်ကူးမြို့နယ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးတိုးဖြင့် ရောက်ရှိလာသူဖြစ်ပြီး၊ ရောက်ရှိလာပြီးနောက်ပိုင်း ၎င်း၏ ရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ကာ ကိုယ်ကျိုးရှာမှုများကို သိသိသာသာ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ “စဉ့်ကူးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ကနဦးသွားရောက် လုပ်ကိုင်ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မန္တလေးတိုင်းအစိုးရက တစ်ဦးချင်း ထောက်ပံ့ငွေ ငါးသောင်းကျပ်စီ ပေးပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ အကုန်မရကြဘူး၊ […] The post စဉ့်ကူးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အာဏာအလွဲသုံးစားပြီး အကျင့်ပျက်ခြစားမှုများ ကျူးလွန်နေ၊ ကြို့ပင်ကောက်တွင် ပျူအဖွဲ့ထံသို့ စစ်မှုထမ်းကြေးပေးထားသည့်ကြားမှ ပေါ်တာဆွဲမှုများဖြစ်ပွား appeared first on Khit Thit Media .