ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ပဲခူးတိုင်း၊ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လမ်းသစ်ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းရှိ လမ်းသစ်ရွာ ၊ ရှောက်ပင်ရွာ၊ ရွှေညောင်ပင်ရွာ၊ ကြိမ်ချောင်းရွာ၊ ကရင်မသေရွာ၊ တံခွန်တိုင်ရွာ ၊ ကန်စွန်းခင်းရွာနှင့် ကြက်လျှာရွာ တို့ကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး မြေပြင်တွင်လည်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လမ်းသစ်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ […] The post အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က လမ်းသစ်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် အများအပြား မီးလောင်ပြာကျ appeared first on Khit Thit Media .