ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ မလေးရှားနိုင်ငံ၊ Port Dickson မြို့ရှိ တရားရုံးတွင် ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သော မြန်မာ နိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုနှင့် ပတ်သက်၍ စားဖိုမှူးအဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တစ်ဦးကို ယနေ့တွင် လူသတ်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း မလေးရှားမှ လာသော သတင်းများအရ သိရသည်။ တရားစွဲဆိုခံရသူမှာ အသက် ၂၁ နှစ်အရွယ် မောင်သုခညီတ (Maung Thuka Nyita) ဖြစ်ပြီး၎င်းကို တရားသူကြီး Mohd Farez Rahman ရှေ့မှောက်တွင် စွဲချက်များ ဖတ်ကြားခဲ့ခြင်းဖြစ်သည်။ လူသတ်မှုဖြစ်စဉ်များမှာ အထက်တရားရုံး (High Court) ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေသည့် အတွက် ယနေ့တွင် တရားခံ၏ ဝန်ခံထွက်ဆိုချက်ကို မှတ်တမ်းတင်ခဲ့ခြင်း မရှိသေးပေ။ စွဲချက်စာလွှာအရ […] The post မလေးရှားတွင် မြန်မာအချင်းချင်း ဓားဖြင့် ၂၉ ချက်ထိုးသတ်ခဲ့သည့် မြန်မာစားဖိုမှူးတစ်ဦးကို လူသတ်မှုဖြင့် တရားစွဲဆို appeared first on Khit Thit Media .