အောင်လံတွင် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦး အရှင်ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် (ခ) စိန်ကုလား လိုက်ပါလာသော ယာဉ်တန်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၁ ဦး အရှင် ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း အောင်လံလူထုအဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အောင်လံမြို့နယ်၊ ကျွဲသေကျေးရွာမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် (ခ) စိန်ကုလား ဦးဆောင်သော အဖွဲ့ လိုက်ပါလာသည့် ယာဉ်တန်းက မင်္ဂလာဆောင်တစ်ခုသို့ သွားရောက်စဉ် ရွာမကျေးရွာနှင့် ထိန်အင်းကျေးရွာကြားရှိ တောလမ်းတစ်နေရာ၌ တော်လှန်ရေးတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ထို တိုက်ခိုက်မှုအတွင်း ပျူစောထီး ခေါင်းဆောင် ဇော်လွင် […] The post အောင်လံတွင် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဇော်လွင် လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦး အရှင်ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ appeared first on Khit Thit Media .