နော်ဝေနိုင်ငံတွင် ချင်းတိုင်းရင်းသားများ စုပေါင်း၍ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ နော်ဝေနိုင်ငံ ရောက် ချင်းတိုင်းရင်းသားများ စုပေါင်းပြီး ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်တွင် နော်ဝေနိုင်ငံ Froland (ဖရိုလန်း) မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။ ​ ချင်းအမျိုးသားနေ့ အခမ်းအနားကို နော်ဝေရောက် ချင်းတိုင်းရင်းသား ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသား ခေါင်းဆောင်ကြီးများနှင့် အသက်ပေးဆပ်ခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုအလေးပြုခြင်း၊ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် မဟာမိတ်အဖွဲ့အစည်း အသီးသီးက ပေးပို့လာသည့် သဝဏ်လွှာများ ဖတ်ကြားခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ ထို့ပြင် ​ ဥက္ကဋ္ဌဖြစ်သူ ကိုယ်စား အတွင်းရေးမှူး ကိုထန်းခွီရှင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖလမ်း […] The post နော်ဝေနိုင်ငံတွင် ချင်းတိုင်းရင်းသားများ စုပေါင်း၍ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပ appeared first on Khit Thit Media .