မိုးမောက်ရှိ မြို့သစ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ ဝက်လက်တွင်လည်း စစ်ကြောင်းကက အမှတ် ၃ လမ်းပိုင်းကို ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်၊ မိုးမောက်မြို့ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိုးမောက်မြို့ မြို့သစ်ရွာကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ “ဒီနေ့ နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ မိုးမောက်မြို့ ၊ မြို့သစ်ရွာ မင်းဂျမ်းရှမ်းကျောင်းကို စစ်ခွေးတွေ လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲသွားတယ်။ ပြည်သူတွေတော့ ထိခိုက်တာမရှိဘူး။ […] The post မိုးမောက်ရှိ မြို့သစ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ ဝက်လက်တွင်လည်း စစ်ကြောင်းကက အမှတ် ၃ လမ်းပိုင်းကို ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media .