NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ကိစ္စကြောင့် CDM ပြုလုပ်ထားသည့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ငန်းစဉ်များ ပြန်လည်စတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်၊ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်ဖြစ်မြောက်ရေးအဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်ဖြစ်မြောက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားချက်များနှင့်ပတ်သက်၍ ရှင်း လင်းချက်များ ထုတ်ပြန်ပေးခဲ့မှုကို ကြိုဆိုကြောင်း ဖော်ပြထားသည်။ ထိုသို့ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ပြီးနောက် စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းမှ စတင်ကာ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ယခင် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားချက်များကို NUG ဘက်မှ စုံစမ်းစစ်ဆေးပြီးနောက် အဂတိ လိုက်စားမှု […] The post NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ကိစ္စကြောင့် CDM ပြုလုပ်ထားသည့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ငန်းစဉ်များ ပြန်လည်စတင် appeared first on Khit Thit Media .