Credit to Popular Journal - မြန်မာနေရှင်လယ်လိဂ်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ လာမည့်ဖေဖော်ဝါရီ ၂၅ ရက် ၊ ညနေပိုင်း၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစာသွားရမည်ဖြစ်ကြောင်း သိရသည်။ “ဒီရာသီသုဝဏ္ဏကွင်းမှာ ကစားထားတဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တိုင်းကို အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် နောက်ထပ်နိုင်ပွဲတစ်ပွဲကို ထပ်မံပုံဖော်နိုင်ဖို့ အသင့်ပါပဲ။ ဒါကြောင့် ရှမ်းယူနိုက်တက်အသင်းကို လာရောက်အားပေးကြပါဦးခင်ဗျာ”ဟု ရှမ်းယူနိုက်တက်အသင်းက အသိပေးထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၀)ရက် ညနေပိုင်းက Y.U.S.C Stadium ၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ယခုယှဉ်ပြိုင်နေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၊ ပွဲစဉ်(၁၈)အပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ် (၄၃)ဖြင့် အုပ်စုတွင်း အဆင့်(၂)နေရာတွင် ရပ်တည်နေပြီး ISPE အသင်းအနေဖြင့် ရမှတ်(၂၅) ဖြင့် အုပ်စုတွင်း အဆင့်(၆)နေရာတွင် အသီးသီး ရပ်တည်နေကြသည်။ ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၄၅)မှတ်ဖြင့် […] The post မြန်မာနေရှင်လယ်လိဂ်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ လာမည့်ဖေဖော်ဝါရီ ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားမည် appeared first on Popular .