Credit to Popular Journal - တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အ စည်းအဝေးအား နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ မတ် ၁၆ ရက်နံနက် ၁ဝ နာရီတွင် စတင်ကျင်းပသွားမည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်က အသိပေးကြေညာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လွှတ်တော်အစည်းအဝေးတက်ရောက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ် ၁ဝ ရက်ထက်မစော၊ မတ် ၁၁ ရက်ထက်နောက်မကျစေဘဲ သတင်းပို့ရန် ပြည်သူ့လွှတ်တော်ရုံးက အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာတွင် တည်းခိုမည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအတွက် နေပြည်တော်စည်ပင်၏ ဧည့်ရိပ် သာ(၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ရိပ်သာတွင်တည်းခိုမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် USDP ပါတီဌာနချုပ်တို့တွင် တည်းခိုနိုင်ကြောင်း သိရသည်။ ထို့အတူ မိမိအစီအစဉ်ဖြင့်တည်းခိုမည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များအတွက် ပြည်သူ့လွှတ်တော်ရေးရာဆောင် (I-1)၊ […] The post ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မတ် ၁၁ ရက်ထက်နောက်မကျဘဲ သတင်းပို့ရမည် appeared first on Popular .