မြစ်ကြီးနားလေဆိပ်ကို ခေတ္တပိတ်ထားမည်လေယာဥ်ခရီးစဥ်များအမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ

Credit to Popular Journal - ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ကချင်ပြည် နယ်၊ မြစ်ကြီးနားလေဆိပ်၌ မြန်မာအမျိုးသားလေ ကြောင်းလိုင်း(MNA)၏ ခရီးသည်တင်လေယာဉ်အား KIA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ FPV suicide drone များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာတွင်လည်း အနည်းငယ်ပျက်စီးခဲ့သဖြင့် မြစ်ကြီးနားလေ ဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ် နားထားရန် လေယာဉ်မှူးအသိပေးစာ(NOTAM)ထုတ်ပြန်ထားကြောင်း သိရသည်။ ထို့ကြောင့် အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေ ယာဉ်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးခဲ့ကြောင်း သိရသည်။ The post မြစ်ကြီးနားလေဆိပ်ကို ခေတ္တပိတ်ထားမည်လေယာဥ်ခရီးစဥ်များအမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ appeared first on Popular .