အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မတ် ၁၃ ရက်နောက်ဆုံးထားသတင်းပို့ရမည်

Credit to Popular Journal - မတ် ၁၈ ရက်နံနက် ၁၀ နာရီမှစတင်ကာ နေပြည်တော်ရှိအမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပမည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသတင်းပို့ရမည့်ရက်ကို အမျိုးသားလွှတ်တော်မှ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် မတ် ၁၂ ရက်ထက်မစော၊ မတ် ၁၃ ရက်ထက်နောက်မကျစေဘဲ အမျိုးသားလွှတ်တော်ရေးရာဆောင် (I-19)သို့သ တင်းပို့ရမည်ဖြစ်သည်။ ထို့ပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ တပ်မတော်သားအ မျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် အမှတ် (၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)တို့တွင် စီစဥ်ပေးထားသည်။ The post အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မတ် ၁၃ ရက်နောက်ဆုံးထားသတင်းပို့ရမည် appeared first on Popular .