တိုင်း(သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မတ် ၁၅ ရက်နောက်ဆုံးထားသတင်းပို့ရမည်

Credit to Popular Journal - တတိယအကြိမ် တိုင်း(သို့)ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို သက်ဆိုင်ရာ တိုင်း(သို့)ပြည်နယ်လွှတ်တော်အသီးသီး၌ မတ် ၂၀ ရက်တွင်စတင်ကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်း(သို့)ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရုံးအသီး သီးသို့ မတ် ၁၄ ရက်ထက်မစော၊ မတ် ၁၅ ရက်ထက်နောက်မကျဘဲ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တတိယအကြိမ် တိုင်း(သို့)ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန် ဖိတ်စာများကို တိုင်း(သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ The post တိုင်း(သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မတ် ၁၅ ရက်နောက်ဆုံးထားသတင်းပို့ရမည် appeared first on Popular .