ရန်ကုန်-ဒလပြေးဆွဲနေသည့်YBS ယာဉ် ကြမ်းခင်းအပေါက်မှ ကလေးငယ်တစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

Credit to Popular Journal - ရန်ကုန်-ဒလပြေးဆွဲနေသည့် YBS ယာဉ်လိုင်းတစ်ခုမှ YBS ယာဉ်၏ ကြမ်းခင်းအပေါက်မှ ကလေးငယ်တစ်ဦး ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ကြောင်း ကြီးလေးကြီးလူမှုကူညီရေးအသင်းထံမှ သိရသည်။ အဆိုပါ ကလေးငယ်မှာ ယနေ့ ဖေဖော်ဝါရီ (၂၃)ရက် ညနေ (၄)နာရီကျော်အချိန်၌ ဒလမြို့နယ်မှ ဝါဖြေရန် ရန်ကုန်မြို့တွင်းသို့ အဒေါ် ဖြစ်သူနှင့်အတူ မုန့်ဝယ်ပြီးအပြန် ဒလတိုးဂိတ်အရောက် Slowdown အဖြတ်တွင် YBS ယာဉ်မှာ ခုန်ပြီး ကြမ်းခင်းပေါက်နေသောနေရာမှ ပြုတ်ကျ၍ နောက်ဘီးဖြစ်ကြိတ်မိကာ အသက်ဆုံးရှူံးခဲ့ခြင်းဖြစ်သည်။ “ကြမ်းပေါက်ဆိုတာက နောက်ဘီးဖုံးအောက်နားမှာ အပေါက်ဖြစ်နေတာ၊ အဲ့ဒါကို သစ်သားချောင်းနဲ့ပိတ်ထားတာ၊ တိုးဂိတ်အရောက်မှာ Slowdown ကို ကားကအဖြတ် ခုန်ပြီး အဲ့ဒီပိတ်ထားတဲ့ သစ်သားချောင်းက ရွေ့ပြီး အပေါက်ပွင့်သွားတာ၊ အဲ့ဒီအပေါက်ကနေ ကလေးက ပြုတ်ကျသွားတာပါ”ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ကလေးငယ်၏ရုပ်အလောင်း […] The post ရန်ကုန်-ဒလပြေးဆွဲနေသည့်YBS ယာဉ် ကြမ်းခင်းအပေါက်မှ ကလေးငယ်တစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား appeared first on Popular .