Credit to Popular Journal - ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ အွန်လိုင်းလိမ်လည်လောင်းက စားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၂၀)ဦးကို လဲချားမြို့နယ်၊ ဝမ်ပန်ကျေးရွာအုပ်စု၊ နောင်လုံကျေးရွာ ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များသည် လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာ အနောက်ဘက် မီတာ(၂၅၀၀)ခန့်အကွာ၌ တရားမဝင် တရုတ်နိုင်ငံသား(၅)ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ရောက်ရှိလာပြီး အွန်းလိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ခဲ့ရမှုတို့ကိုလည်းဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများအား ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကာ ဆက်စပ်ပါဝင်သူများကိုလည်း စိစစ်ဖော်ထုတ်၍ တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သော အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ The post လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းက စားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၂၅)ဦးကိုဆက် စပ်ပစ္စည်းများနှင့်အတူဖမ်းမိ appeared first on Popular .