ပါကစ္စတန်နိုင်ငံသား(၁၁)ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်း

Credit to Popular Journal - ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့သည့် ပါကစ္စတန်နိုင်ငံသား(၁၁)ဦးကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်က သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံ တားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံမှတာဝန် ရှိသူများက သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်၌ပင် မြဝတီမြို့ဝန်း ကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ် ဆင့်ဝင်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား(၂)ဦးကိုဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့သဖြင့် ပြည်နှင်နိုင်ရေးအတွက် တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီ […] The post ပါကစ္စတန်နိုင်ငံသား(၁၁)ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်း appeared first on Popular .