လဝက မှ ဌာနပိုင်ဇင်ယော်(ရေယာဥ်)များဖြင့် ရေ ကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

Credit to Popular Journal - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနပိုင်ဇင်ယော်(ရေယာဥ်)များဖြင့် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဌာနပိုင်ဇင်ယော်(ရေယာဥ်)များကို ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်၊  Yangon Innovation Centre (YIC)ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက် ကပ်ထားရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ် (၁)၊ (၂)၊ (၃)တို့တွင် ဝန် ထမ်းများတာဝန်ထမ်းဆောင်မှု၊ ရေယာဉ်စက်ခန်းနှင့် တက်မခန်းများ၊ ရေယာဉ်လူဝင်မှုစစ်ဆေးရေးတာဝန်ထမ်းဆောင်မည့် ကုန်းပတ်များနှင့် ဝန်ထမ်းများရေ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းနိုင်ရေးစီစဉ်ထားမှု၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး စိစစ်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ The post လဝက မှ ဌာနပိုင်ဇင်ယော်(ရေယာဥ်)များဖြင့် ရေ ကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ appeared first on Popular .