မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင်

Credit to Popular Journal - ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)တွင် ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးများမှ စက်ကိရိယာအစုံအလင်ဖြင့် (၂၄)နာရီကုသပေးလျက်ရှိကြောင်း သိရသည်။ ရုံးဖွင့်ရက်များတွင်မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါအထူးစမ်းသပ်ခြင်း၊  မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာနေ့များတွင် မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာနေ့များတွင်  ရေတိမ်ရောဂါမျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် ကလေးမျက်စိရောဂါဆိုင်ရာမျက်စိအထူးစမ်းသပ်ခြင်းတို့ကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အရေးပေါ်ဌာနကိုလည်း ၂၄ နာရီဖွင့်လှစ်ထားရှိကြောင်း သိရသည်။ ထို့ပြင် မျက်စိအထူးကုဆေးရုံကြီး၏ ပထမထပ်(B) ဆောင်တွင် ကလေးမျက်စိစွေရောဂါများ၊ မွေးရာပါကလေးမျက်စိရောဂါများ၊ မြင်လွှာကင်ဆာရောဂါများ၊ မွေးရာပါအတွင်းတိမ်ရောဂါ၊ ထိခို-က်အတွင်းတိမ်ရောဂါ၊ မွေးကင်းစကလေးမြင်လွှာသွေးကြောပွားရောဂါတို့ကိုလည်း စမ်းသပ်ခြင်း၊ ကုသခြင်းများ၊ ခွဲစိတ်ခြင်းများအား သက်ဆိုင်ရာဆရာဝန်ကြီးများကကုသပေးလျက်ရှိကြောင်း သိရသည်။ […] The post မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင် appeared first on Popular .