Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ စာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း Grade12 ဖြေဆိုမည့် ကျောင်းသား ၃၉၃၂၇ ရှိပြီး စာစစ်ဌာန ၂၄၇ ခုရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ပညာရေးမှူး ဦးခင်မောင်ထွေးက ပေါ်ပြူလာနယူစ်းသို့ ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင် ၈ ခရိုင်ရှိပြီး ပုသိမ်ခရိုင်တွင် ၇၆၀၉ ဦး၊ ကျုံပျော်ခရိုင်တွင် ၄၁၅၈ ဦး၊ မအူပင်ခရိုင်တွင် ၅၆၈၅ ဦး၊ လပွတ္တာခရိုင်တွင် ၃၂၁၃ ဦး၊ဖျာပုံခရိုင်တွင် ၅၈၀၆ ဦး၊ မြောင်းမြခရိုင်တွင် ၅၆၇၉ ဦး၊ ဟင်္သါတခရိုင်တွင် ၄၂၀၂ ဦးနှင့် မြန်အောင်ခရိုင်တွင် ၂၉၇၅ ဦး တို့ အသီးသီးဝင်ရောက်ဖြေဆိုရန် စာရင်းရှိထားကြောင်း ပညာရေးမှူးထံမှ သိရသည်။ ယခင် ၂၀၂၄-၂၀၂၅ စာသင်နှစ်မှာ ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာန ၂၄၅ ခုရှိပြီး […] The post ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ၄၀၀၀၀ နီးပါးရှိ appeared first on Popular .