Credit to Popular Journal - ပြည်သူလူထု၏ မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာစေရေးလာမည့် ငါးနှစ်တာကာလသည် အရေးကြီးသည့်အတွက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ ယမန်နေ့က ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန ၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals)အနက်မှ ကျန်းမာရေးနှင့် သက်ဆိုင်သည့် SDG များကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးလည်း လိုအပ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များအား ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လာမည့် ငါးနှစ်တာကာလအတွင်း မိမိတို့၏အဓိကရည်မှန်းချက်ဖြစ်သည့် […] The post ပြည်သူလူထု၏ မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာစေရေးလာမည့် ငါးနှစ်တာကာလသည် အရေးကြီးသည့်အတွက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ် appeared first on Popular .