ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာကွက်သစ်အတွင်းသို့ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁ နာရီခန့်အချိန် ဖားကန့်မြို့နယ်၊ မော်ဝမ်း ကျေးရွာ အုပ်စု၊ မော်မောင်းဘွမ်ကျေးရွာ ကွက်သစ်အတွင်းသို့ အကြမ်းဖက်စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက် စီးခဲ့ကြောင်း၊ ယင်းမော်မောင်းဘွမ် (ခ) မော်မောင်းကုန်းကျေးရွာနေ ပြည်သူအများစုမှာ စစ်ဘေး ရှောင် နေကြရ သဖြင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။ […] The post ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာကွက်သစ်အတွင်းသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ဗုံးကျဲမှု နေအိမ်များ ပျက်စီး appeared first on Khit Thit Media .