ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို (Sugiono)က ကတိပြု ပြောဆိုလိုက်သည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ညီလာခံတွင် ဝန်ကြီး ဆူဂျီယိုနိုက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို (Sugiono) က ပါလက်စတိုင်းလွတ်လပ်ရေးနှင့် မြန်မာနိုင်ငံရှိ ပဋိပက္ခများအဆုံးသတ်ရေး အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အင်ဒိုနီးရှားက ဆက်လက်တွန်းအားပေးသွားမည်ဟု […] The post မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ကတိပြု appeared first on Khit Thit Media .