Credit to Popular Journal - ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာနမှ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်းအား တင်ဒါခေါ်ယူထားကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ အဆိုပါတင်ဒါမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြစ်ပြီး အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင်မှ အောင်မင်္ဂလာလမ်း ညာဘက်တစ်လျှောက်၊ အမှတ်(၁) ဂိတ်အဝင်မှ မုံရွာလမ်းအထိ လာရောက်ရပ်နားသည့် ယာဉ်ငယ်များအား ယာဉ်ရပ်နားခ ကောက်ခံသည့် လုပ်ငန်းကို တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၆ လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၁၂)ထပ်ခွဲရုံး၊ (၇)လွှာ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲရေးရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။ ယင်းတင်ဒါပုံစံများကို ဖေဖော်ဝါရီ ၂၁ ရက်မှ မတ်လ ၄ ရက် နေ့လယ် ၁ […] The post အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူ appeared first on Popular .