နျူလက်နက် ထိန်းချုပ်ရေးအတွက် အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့ ဂျီနီဗာမြို့တွင်တွေ့ဆုံ

Credit to Popular Journal - နိုင်ငံစုံပါဝင်သော နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်သစ်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဆွေးနွေးရန်အတွက် အမေရိကန်အရာရှိများသည် တနင်္လာနေ့က ဂျီနီဗာမြို့တွင် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရို-က်တာသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါအရာရှိ၏ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုသည် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်လည်း ဖေဖော်ဝါရီ ၂၄ ရက် နှောင်းပိုင်းတွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဗြိတိန်၊ ပြင်သစ်တို့နှင့်လည်း ကောင်းမွန်သော နှစ်နိုင်ငံအဆင့် ဆွေးနွေးမှုများကို ယခင်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၎င်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအကြား ဆွေးနွေးမှုများ ပြုလုပ်ခြင်းကို “နောက်ထပ်လုပ်ဆောင်ရမည့် ယုတ္တိရှိသော ခြေလှမ်းတစ်ခု” ဟု ဆိုခဲ့သည်။ နျူကလီးယားလက်နက်များ တပ်ဖြန့်မှုကို ကန့်သတ်ထားသည့် နောက်ဆုံး နိုင်ငံတကာဥပဒေကြောင်းဆိုင်ရာ သဘောတူညီချက်ဖြစ်သော လက်နက်လျှော့ချရေးစာချုပ်အသစ်(New […] The post နျူလက်နက် ထိန်းချုပ်ရေးအတွက် အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့ ဂျီနီဗာမြို့တွင်တွေ့ဆုံ appeared first on Popular .