အကြမ်းဖက်စစ်တပ်ထံသို့ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်တွင် ပါဝင်သည့် သင်္ဘောများနှင့် ကုမ္ပဏီများကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မြန်မာစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်စေရန်အတွက် လေယာဉ်ဆီထောက်ပံ့ပေးနေသည့် သင်္ဘောများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar (JFM) က အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နှင့် ဩစတေးလျအစိုးရများကို တောင်းဆိုလိုက်သည်။ စစ်အုပ်စု၏ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရရှိသော အချက်အလက်များအရ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် မတ်ထရစ်တန် ၆၄,၅၆၂ သာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၀၆,၆၀၄ အထိ နှစ်ဆနီးပါး တိုးလာခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လေယာဉ်ဆီတင်သွင်းမှု မြင့်တက်လာခြင်းသည် ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု၏ မကြုံစဖူး များပြားလှသော လေကြောင်းတိုက်ခိုက်မှုများကို အားဖြည့်ပေးနေခြင်းဖြစ်ပြီး၊ ကျောင်းများ၊ ဆေးရုံများနှင့် […] The post အကြမ်းဖက်စစ်တပ်ထံသို့ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်တွင် ပါဝင်သည့် သင်္ဘောများနှင့် ကုမ္ပဏီများကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar တောင်းဆို appeared first on Khit Thit Media .