မြန်မာနိုင်ငံတွင် သံရုံးများ ပိတ်သိမ်းမည်ဟု ကြေညာခဲ့သော ဥရောပ ၃ နိုင်ငံအနက်မှ ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို တရားဝင် စတင်ပိတ်သိမ်းပြီ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ အကြမ်းဖက် စစ်တပ် အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် သံရုံးများ ပိတ်သိမ်းမည်ဟု ကြေညာထားသော ဥရောပ ၃ နိုင်ငံအနက်မှ ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို ယခု ဖေဖော်ဝါရီလကုန်တွင် တရားဝင် ပိတ်သိမ်းပြီဖြစ်ကြောင်း ရန်ကုန်ရှိ ဖင်လန်သံရုံးက ထုတ်ပြန်ကြေညာသည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများ ဆိုးရွားလာခြင်းနှင့် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုများကြောင့် ရန်ကုန်မြို့အခြေစိုက် ဖင်လန်၊ ဒိန်းမတ်နှင့် နယ်သာလန် နိုင်ငံသံရုံး ၃ ရုံးစလုံးကို ၂၀၂၆ ခုနှစ်အတွင်း အပြီးသတ်ပိတ်သိမ်းရန် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြေညာခဲ့ပြီးနောက် ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို တရားဝင် စတင်ပိတ်သိမ်းပြီဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်မြို့ရှိ ဥရောပနိုင်ငံသံရုံး […] The post မြန်မာနိုင်ငံတွင် သံရုံးများ ပိတ်သိမ်းမည်ဟု ကြေညာခဲ့သော ဥရောပ ၃ နိုင်ငံအနက်မှ ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို တရားဝင် စတင်ပိတ်သိမ်းပြီ appeared first on Khit Thit Media .