မင်္ဂလာဒုံတွင် ရဲစခန်းမှ ထွက်လာသော ရဲကားကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ကားဖြင့် ထွက်လာသော ရဲများကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ကားဖြင့် ထွက်လာသော ရဲများကို မြို့ပြကြွက်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ “နောက်တခေါက်ခွဲတာမှာ ရဲ ၃ ကောင် ထိခိုက်ပါတယ်။ သူတို့ထွက်လာတဲ့အချိန် ပထမ တစ်လုံးခွဲလိုက်တာ ကားကိုထိသွားပြီးကားပေါ်က ဆင်းပြေးပြီး စခန်းထဲ […] The post မင်္ဂလာဒုံတွင် ရဲစခန်းမှ ထွက်လာသော ရဲကားကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .