ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စ ငွေကြေးအကြွေးတောင်းရာမှတစ်ဆင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့နှင့် ဝရမ်းပြေးပြည်သူ့စစ်ဟောင်းတရားခံတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဝရမ်းပြေးပြည်သူ့စစ်ဟောင်း မှာ သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကညင်မြိုင်ကျေးရွာအတွင်း၌ မူးယစ်ဆေးဝါးကို အကြွေးစနစ်ဖြင့် ဝယ်ယူသုံးစွဲနေကြသော ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်အချို့ထံမှ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဝင်းဘိုက ငွေကြေးလိုက်လံတောင်းခံရာမှ ပစ်ခတ်မှုစတင်ခဲ့ကြောင်း၊ ထိုသို့ အကြွေးတောင်းခံမှုကို မကျေနပ်သည့် ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်များက မူးယစ်ဆေးဝါး ရောင်းချနေသူ ဝင်းဘိုအား ဖမ်းဆီးရန် ၎င်း၏နေအိမ်သို့ သွားရောက်ဝိုင်းရံစဉ် ဝင်းဘိုက လက်ပစ်ဗုံးဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “သူကလဲ ငါက ပြည်သူစစ်ခေါင်းဆောင်ကွ၊ ဖမ်းရဲ […] The post မိုးကောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအကြွေးတောင်းရာမှ ဝရမ်းပြေးပြည်သူ့စစ်ဟောင်းနှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေဆုံး appeared first on Khit Thit Media .