ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ခြမ်းရှိ ချင်ပြစ်ကျင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့နံနက်ပိုင်း အင်အား ၂၅၀ ခန့်ပါဝင်သော စစ်တပ်စစ်ကြောင်းက ပုလဲမြို့နယ်အတွင်းသို့ စစ် ကြောင်းနှစ်ဖွဲ့ခွဲ၍ အလုံးအရင်းဖြင့် ထိုးစစ် ဆင်လာကြောင်း၊ အဆိုပါစစ်ကြောင်းက ချင်ပြစ်ကျင်းကျေးရွာနှင့် နွယ်အင်းကျေးရွာများသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီအချိန် ချင်ပြစ်ကျင်းကျေးရွာရှိ နေအိမ်များကို စစ်တပ်က မီးစတင်ရှို့ခဲ့ကြောင်း သိရှိရသည်။ ဒေသခံတစ်ဦးက “အင်အား ၂၅၀ လောက်နဲ့ စစ်ကြောင်းစထိုးလာလို့ ကျနော်တို့ ချင်ပြစ်ကျင်းရွာနဲ့ နွယ်အင်းရွာက ဒေသခံတွေအကုန် ထွက်ပြေးရတယ်။ ရွာကိုတော့ အခု မီးရှို့နေပြီ။ […] The post ပုလဲမြို့နယ်ရှိ ချင်ပြစ်ကျင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် ပြည်သူ ၄၀၀ နီးပါး ထွက်ပြေးနေရ၊ ချောင်းဦးမြို့ပေါ် ရဲလှေရပ်ကွက်သို့ စစ်တပ်က ဝင်ရောက်ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ appeared first on Khit Thit Media .