Credit to Popular Journal - ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို ယခုလဖေဖော်ဝါရီ (၂၈) ရက်မှစတင်၍ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အဆိုပါသံ ရုံးက ယနေ့တွင်ကြေညာထားသည်။ ထို့ကြောင့် ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာဆိုင်ရာ နိူတြီထောက်ခံလက်မှတ်များ အပါအ ဝင် ကောင်စစ်ဆိုင်ရာအလုပ်များအားလုံးကို ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ နေထိုင်ခွင့်လက်မှတ်(residence permit -s)လျောက်ထားရန်အတွက် Ban.Kon -suli@gov.fi or viisumi. ban@ gov.fi အီးလ်မေးသို့ ဆက်သွယ်ရန်အသိပေးထားပြီး ဗီဇာနဲ့ သက်ဆိုင်သောဝန်ဆောင် မှုများအတွက် ဂျာမနီနိုင်ငံက ကိုယ်စားလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အခြားကိစ္စရပ်များနှင့် ပတ်သက်၍ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် တောင်အရှေ့အာရှဆိုင်ရာဌာနကိုဆက်သွယ်နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ The post ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံ သံရုံးဖေဖော်ဝါရီ (၂၈) ရက်မှစတင်၍ ပိတ်သိမ်းမည် appeared first on Popular .