Credit to Popular Journal - မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ- ကန်ဇွန်းမသွားကားလမ်းဘေးရှိ “ဖူးသိမ့်”ဆီဆိုင်တွင် မီးလေ-ာင်မှုဖြစ်ပွား၍ ဆိပ်ဖြူမြို့နယ်မီးသတ်စခန်း၊ ချောက်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ည ၆ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရသည်။ The post ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်မီးလေ-ာင် ၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ appeared first on Popular .