Credit to Popular Journal - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံများအား နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးနေမှုအား လဝက ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်က ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။ အသက်ပြည့်မီပြီး မှတ်ပုံတင်မရှိသေးမှုများ၊ ပျောက်/ပျက်၊ မိတ္တူလျှောက်ထားမှုများ၊ သန်းခေါင်စာရင်း အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်မှုများ၊ မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်းထုတ်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ One Stop Service ဖြင့်ဆောင်ရွက်ပြီးဖြစ်သည့် မှတ်ပုံတင်ကတ်ပြားနှင့် Unique ID နံပါတ်ပါကတ်ပြားများကို ကာယကံရှင်တစ်ဦးချင်းစီထံ အသီးသီးပေးအပ်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် မြောင်းမြမြို့ရှိ အာဇာနည်ပရိယတ္တိစာသင်တိုက်၏ ကျောင်း တိုက်ဆရာတော်အားဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး သင်္ကန်းနှင့် လှူဖွယ်ဝ တ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ The post မြောင်းမြမြို့နယ် လဝက ရုံးမှ ဒေသခံများအား နိုင်ငံ သားစိစစ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေး appeared first on Popular .