နိုင်ငံ(၁၁)နိုင်ငံမှ ပြည်ပနိုင်ငံသား(၁၃၄)ဦးကို ထပ်မံလွှဲပြောင်း

Credit to Popular Journal - အင်ဒိုနီးရှားနိုင်ငံသား(၁၀၁)ဦး၊ နမီးဘီးယားနိုင်ငံသား (၆)ဦး၊ သီရိလင်္ကာနိုင်ငံသား(၅)ဦး၊ ကင်ညာနိုင်ငံသား (၄)ဦး၊ အိန္ဒိယနိုင်ငံသား(၄)ဦး၊ တောင်အာဖရိကနိုင်ငံ သား(၄)ဦး၊ ဇင်ဘာဘွေနိုင်ငံသား(၃)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား(၃)ဦး၊ မလေးရှားနိုင်ငံသား(၂)ဦး၊ ဘီနင်နိုင် ငံသား(၁)ဦးနှင့် ဘူရွန်ဒီနိုင်ငံသား (၁) ဦး(စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၄ ဦး)အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့သည်။ ၎င်းတို့သည် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသူများဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က မြန်မာ-ထိုင်း အ မှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှတာဝန်ရှိသူများက လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ The post နိုင်ငံ(၁၁)နိုင်ငံမှ ပြည်ပနိုင်ငံသား(၁၃၄)ဦးကို ထပ်မံလွှဲပြောင်း appeared first on Popular .