Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးသို့ ခရီးသွားများ လာရောက်လည်ပတ်ရာတွင် အဆင်ပြေစေရေး လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်း၊ ရန်ကုန်-ပုသိမ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်၍ ခရီးသွားများ သွားလာလည်ပတ်ရာတွင် အဆင်ပြေစေရေးအတွက် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရန်ကုန်-ပုသိမ် လမ်းအဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားများနှင့် ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော် နိုင်ရန်အတွက် မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်း ငွေတောင်ကမ်းခြေနှင့် ကျောက်ကလပ်ဒေသများသို့လည်း သွားရောက် လည်ပတ်နိုင်ရန် တိုးချဲ့ […] The post ဧရာဝတီတိုင်းသို့ ခရီးသွားများ လာရောက်လည်ပတ်ရာတွင် အဆင်ပြေစေရေး လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်း၊ ရန်ကုန်-ပုသိမ် လမ်းအဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်လျက်ရှိ appeared first on Popular .