ကုန်တင်ကားမောင်းသူအိပ်ငိုက်ပြီး ကုန်မျိုးစုံတင်လာသည့်ကားတိမ်းမှောက်

Credit to Popular Journal - ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားမောင်းသူအိပ်ငိုက်ပြီး ကုန်မျိုးစုံတင်လာသည့်ကားတိမ်းမှောက်ခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နံနက် ၆ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ကုန်မျိုးစုံတင်၍မောင်းနှင်လာသော ကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၇၈/၄ နှင့် ၁၇၈/၅ ကြားအရောက် ကားမောင်းသူအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်အား သက်ဆိုင်ရာ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့၊ အနီးဝန်းကျင်နေသူများကကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ကုန်တင်ကားမှာပျက်စီးမှုအချို့ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။ The post ကုန်တင်ကားမောင်းသူအိပ်ငိုက်ပြီး ကုန်မျိုးစုံတင်လာသည့်ကားတိမ်းမှောက် appeared first on Popular .