ရခိုင်ပြည်နယ်က ဧရိယာတသိန်းနီးပါးရှိ နယ်မြေကို ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

Credit to Popular Journal - ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ဧကတစ်သိန်းကျော်ရှိသည့် နယ်မြေကို ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက (ဖေဖော်ဝါရီ ၁၈ ရက်) ရက်စွဲဖြင့် သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။ ထိုသို့ သတ်မှတ်လိုက်ခြင်းသည် သဘာဝတောကျန်များကို ထိန်းသိမ်းခြင်းဖြင့် သစ်တောဖုံးလွှမ်းမှု တိုးတက်စေရန်၊ သစ်တောဖုံးလွှမ်းနေသည့် မြေလွတ်မြေရိုင်းများကို ထိန်းသိမ်းကာကွယ်ရန်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ရည်ရွယ်ကြောင်းလည်း ဆိုသည်။ ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တောသည် အမြဲစိမ်းတောနှင့် ရွက်ပြတ်ရောနှောတော အမျိုးအစားဖြစ်ပြီးပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ၊ ကြက်ရိုး၊ မျောက်ငို၊ ဘင်္ဂ၊ စစ် စသည့် ဒေသသစ်မျိုးများ ပေါက်ရောက်သည်ဟုဆိုသည်။ ထို့ပြင် ကရင်ဝါး၊ မဒေးဝါး၊ […] The post ရခိုင်ပြည်နယ်က ဧရိယာတသိန်းနီးပါးရှိ နယ်မြေကို ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် appeared first on Popular .