လူပျို အကျပ်အတည်း၊ 'ကျန်ရစ် အမျိုးသမီးတွေ ' နဲ့ကွန်ဒုံးခွန်၊ ကလေးမွေးနှုန်းတက်အောင် တရုတ်ကြိုးစားမှု ဘယ်လို မှားသွားလဲ

လူဦးရေ တိုးမှာ စိုးလို့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကလေးမွေးနှုန်း ကန့်သတ်ဖို့ တရုတ်အစိုးရ ကြိုးစားခဲ့။ ဒီကန့်သတ်မှုတွေကို ဖယ်လိုက်ရက် မွေးနှုန်း သဘာဝအတိုင်း ပြန်တက်လာမယ် ထင်ခဲ့ကြပေမယ့် မိသားတစု ကလေးတယောက်မူကို ပယ်ဖျက်ပြီး ဆယ်နှစ်အကြာမှာ မွေးနှုန်း သိသိသာသာကျဆင်းခဲ့။