မိုးကောင်းဒေသခံများထံမှ ရိက္ခာနှင့် ဆက်ကြေး ရှမ်းနီတပ် တောင်းနေ

ရှမ်းနီအမျိုးသားများတပ် (SNA) သည် မိုးကောင်းမြို့နယ်အတွင်းရှိ ဒေသခံများထံမှ ရိက္ခာနှင့်ဆက်ကြေး တောင်းနေရာ လယ်ပိုင်သည့် ဧကအလိုက် တစ်ဧကပိုင်လျှင် ဆန်ရှစ်ပြည်နှုန်း သို့မဟုတ် ငွေကျပ် ၂၀၀၀၀ တောင်းခံနေသည်ဟု ဒေသခံတို့က ဆိုသည်။