Credit to Popular Journal - မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဆွာချောင်းတံတား ပျ-က်စီးမှုများရှိခဲ့ရာလတ်တလောတွင် ဆွာချောင်းတံတား (အသွားလမ်း)အား အရေးပေါ် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သည်ဟု သိရသည်။ ထို့ပြင် ပေ(၉၀၀)ရှိသည့် ဆွာချောင်းတံတား(အပြန်လမ်း) အသစ်ကိုလည်း တည်ဆောက်လျက်ရှိသည်ဟု သိရသည်။ ထိုကဲ့သို့ တည်ဆောက်နိုင်ရန် ဆွာချောင်းတံတား(အပြန်လမ်း) တံတားဟောင်းကို ၂၀၂၅ ဧပြီလတွင် ဖြိုဖျက်ခဲ့ရသည်ဟု သိရသည်။ “အပြန်လမ်းတံတားကတော့ ပျ-က်စီးမှုပိုများပြားပါတယ်၊ အခု တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၆ နေပြည်တော်နဲ့ အထူးအဖွဲ့ ၁၀ လှည်းကူး နှစ်ဖွဲ့ကို ပူးတွဲ တာဝန်ပေးထားပါတယ်။ အရှည်က ပေ ၉၀၀ ရှိမှာဖြစ်ပြီး တံတားခန်းဖွဲ့အနေနဲ့ ပေ၉၀၊ ၁၀ ခန်းရှိမှာဖြစ်ပါတယ်” ဟု ဦးမျိုးသက်ထွန်း( ဒုတိယညွှန်ကြားရေးမှူး၊ မြို့ပြ)က ပြောသည်။ ထို့ပြင် ယာဉ်သွားလမ်း အကျယ် […] The post ဆွာချောင်းတံတား(အပြန်လမ်း) အသစ်အား တည်ဆောက်လျက်ရှိ appeared first on Popular .