ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဂျီနီဗာ၌ အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အီရန်အစိုးရ အတည်ပြု

Credit to Popular Journal - အီရန်နှင့် အမေရိကန်တို့သည် နျူကလီးယားဆိုင်ရာ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ဂျီနီဗာမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Fatemeh Mohajerani က ပြောကြားခဲ့သည်။ “ဆွေးနွေးညှိနှိုင်းမှုတွေကို မနက်ဖြန်မှာ ဂျီနီဗာမြို့မှာ ပြုလုပ်သွားမှာပါ” ဟု Mohajerani က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေနှင့် ပတ်သက်၍ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။ အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အီရန်-အမေရိကန် တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဂျီနီဗာမြို့ရှိ အိုမန်သံရုံး၌ ကျင်းပမည်ဖြစ်ကြောင်း ISNA သတင်းဌာနက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းဌာန၏ ဖော်ပြချက်အရ အီရန်ကိုယ်စားလှယ်အဖွဲ့၏ […] The post ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဂျီနီဗာ၌ အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အီရန်အစိုးရ အတည်ပြု appeared first on Popular .