ဒုတိယအကြိမ် မိုင်းခွဲဖျ-က်ဆီးခံခဲ့ရသည့် သံလွင်တံတား(ဖားဆောင်း)

Credit to Popular Journal - ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ဆက်သွယ်ထားသည့် သံလွင်တံတား(ဖားဆောင်း) အား KNPP၊ KNDF နှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက ဒုတိယအ ကြိမ်အဖြစ် မိုင်းထောင်ဖော-က်ခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ မိုင်းပေါ-က်ကွဲမှုကြောင့် တံတား၏အနောက်ဘက်ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် P-5 နှင့် P-7 တို့ကြားတွင် အရှည်(၃၀၀)ပေ၊ အကျယ်(၂၄)ပေခန့်ပြိုကျပျ-က်စီးခဲ့ပြီး ထိခို-က်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပျ-က်စီးသွားသည့်တံတားနေရာများအား သက်ဆိုင်ရာလမ်း/တံတားဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိကာ လုံခြုံရေးအဖွဲ့ဝင်များကလည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သံလွင်တံတား(ဖားဆောင်း)သည် ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်ပြီး တံတားအရှည်(၁,၂၆၀)ပေ၊ တံတားအကျယ်(၂၄)ပေ၊ လူသွားလမ်း ဘယ်/ညာ(၃)ပေစီရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်အသုံးပြုခဲ့သောတံတားတစ်စင်းဖြစ် ကြောင်း သိရသည်။ The post ဒုတိယအကြိမ် မိုင်းခွဲဖျ-က်ဆီးခံခဲ့ရသည့် သံလွင်တံတား(ဖားဆောင်း) appeared first on Popular .