ပျဥ်းမနားမြို့နယ် အာဟာရသုခဈေးရှိ စျေးဆိုင်ခန်းများမီးလေ-ာင် Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရ

Credit to Popular Journal - နေပြည်တော်၊ ပျဥ်းမနားမြို့နယ်ရှိ အာဟာရသုခစျေးအတွင်း စျေးဆိုင်ခန်းများတွင် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်ည ၈ နာရီ ၄၅ မိနစ်ကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေးအတွင်း သစ် သားဆိုင်ခန်းများတွင်မီးလေ-ာင်မှုဖြစ်ပွား၍ ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့သော်လည်း မီးလေ-ာင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေ၍ ည ၈ နာရီ ၅၃ မိနစ်၌ Level 2 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလေ-ာင်မှုကြောင့် စျေးဆိုင်ခန်းများပျ-က်စီးဆုံးရှုံးမှုများပြားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်း ရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။ The post ပျဥ်းမနားမြို့နယ် အာဟာရသုခဈေးရှိ စျေးဆိုင်ခန်းများမီးလေ-ာင် Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရ appeared first on Popular .