ထိုင်းရဲတပ်ဖွဲ့ကဖမ်း၍မောင်းပြေးသည့် မြန်မာအလုပ်သမားများတင်လာသော ပစ်ကပ်ကားတိမ်းမှောက် (၂၀) ဦးကျော်ဒဏ်ရာရ

Credit to Popular Journal - ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် ယနေ့ ဖေဖော်ဝါ ရီ ၂၆ ရက်နံနက် ၇ နာရီခန့်က မြန်မာအလုပ်သမားများတင်ဆောင်လာသောပစ်ကပ်ကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကန်ချနဘူရိပြည်နယ်၊ မောင်းခရိုင်၊ ဝမ်ဒန်းဒေသခွဲ၊ နောင်ဆမ်ဖရန်ကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများအားတင်ဆောင်လာသောပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရန်တားဆီးခဲ့ကြကြောင်း သိရသည်။ ထိုသို့ တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲမောင်းနှင်ထွက် ပြေးရာမှ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့ကာ လိုက်ပါလာသည့် မြန်မာအလုပ်သမားအချို့မှာ လမ်းမပေါ်သို့လွင့်စဥ်ပြုတ်ကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် မြန်မာအလုပ်သမား(၂၀)ဦးကျော်ခန့်တွင်ထိခိုက်ဒဏ်ရာများရရှိ၍ လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ကျန်မြန်မာနိုင်ငံသားများကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ The post ထိုင်းရဲတပ်ဖွဲ့ကဖမ်း၍မောင်းပြေးသည့် မြန်မာအလုပ်သမားများတင်လာသော ပစ်ကပ်ကားတိမ်းမှောက် (၂၀) ဦးကျော်ဒဏ်ရာရ appeared first on Popular .