Credit to Popular Journal - လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများအား ပညာရှင်များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေး ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖြစ်စဥ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေး ယူနိုင်ရန်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ The post မိုင်းဆတ်မြို့နယ်၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများသိမ်း ဆည်းရမိ appeared first on Popular .