လာအို-မြန်မာချစ်ကြည်ရေးအသင်းမြန်မာနိုင်ငံသို့​ရောက်ရှိ

Credit to Popular Journal - နှစ်နိုင်ငံချစ်ကြည်ရေးအသင်းကိစ္စများ ဆွေးနွေးရန် လာအို-မြန်မာချစ်ကြည်ရေးအသင်း LMFAသည် (၂၅.၂.၂၀၂၆) ရက်နေ့ ည ၆နာရီတွင် လာအို နိုင်ငံမှ မြန်မာနိုင်ငံသို့ TG ​လေ​ကြောင်းလိုင်းဖြင့် ​​ရောက်က်ရှိခဲ့ကြသည် ။ မြန်မာနိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီးနှင့်အတူ မြန်မာ-လာအိုအသင်းအဖွဲ့ဝင်များက ​လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။​ ဒေသတွင်းဗုဒ္ဓဘာသာနိုင်ငံများကြားဗုဒ္ဓသာသနာထွန်းကားမှုတွင် စံနမူနာဖြစ်သည့် မြန်မာနိုင်သို့ လာ​ရောက်ရခြင်းအ​ပေါ် အလွန်ပျော်ရွှင်​ကျေနပ်မိ​ကြောင်း၊ အိမ်နီးချင်း​ကောင်းဖြစ်သည့်မြန်မာနှင့် ပိုမိုကူးသန်းဆက်သွယ်နိုင်​ရေးစိတ်အားထက်သန်​ကြောင်း အသင်းဥက္ကဋ္ဌ ကျန်ထဝုန်းကဆိုသည်။ ၄င်းနှင့်အတူ အသင်းဝင် ၈ ဦး လာ​ရောက်ကြခြင်းဖြစ်သည်။ နယ်ပယ်စုံမှ ကိုယ်စားပြုပုဂ္ဂိုလ်များပါဝင်ပြီး စီးပွား​ရေး၊ ယဥ်​ကျေးမှု၊ လူငယ့်​ရေးရာတို့တွင် ​တိုးတက်​သော ဆက်ဆံ​ရေးရှိလာ​အောင် လုပ်​ဆောင်သွားမည်ဟုသိရသည်။ ယခု ခရီစဥ်အတွင်း ​နေပြည်​တော်သို့လည်း သွား​ရောက်ခါ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်လည်း ​တွေ့ဆုံ​ဆွေး​နွေးသွားမည်ဖြစ်သည်။ The post လာအို-မြန်မာချစ်ကြည်ရေးအသင်းမြန်မာနိုင်ငံသို့​ရောက်ရှိ appeared first on Popular .