ပျဉ်းမနား အာဟာရသုခဈေးမီးလေ-ာင်မှု ဆိုင်ခန်းပေါင်း (၂၄၀) ခန့် ပျ-က်စီးဆုံးရှုံး

Credit to Popular Journal - နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေး ရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေး၏ ရုံအမှတ် (ဂ) မှစတင်ကာ ဖေဖော်ဝါရီ ၂၅ ရက်ည ၈ နာရီ ၄၆ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ မီးများသဖြင့် Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ည ၉ နာရီ ၃၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလေ-ာင်မှုကြောင့် သွပ်မိုး၊ မြေစိုက်တစ်ထပ်ဆိုင်ခန်းပေါင်း (၂၄၀) ခန့် ပျ-က်စီးဆုံးရှုံးခဲ့ကာ ‌ေ-သဆုံးမှုနှင့် ထိခိုက်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။ အာဟာရသုခဈေးသည် ပျဉ်းမနားမြို့နယ်၏ အဓိကဈေးကြီးတစ်ခုဖြစ်ကာ ကုန်စည်ဂိုဒေါင်များအများဆုံးတည်ရှိသော အချက်အချာကျသည့်နေရာတစ်ခုလည်း ဖြစ်၍ စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် အသေးစိတ်ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။ The post ပျဉ်းမနား အာဟာရသုခဈေးမီးလေ-ာင်မှု ဆိုင်ခန်းပေါင်း (၂၄၀) ခန့် ပျ-က်စီးဆုံးရှုံး appeared first on Popular .